Wednesday, November 30, 2016

နောက်ဆုံး Version ဖြစ်တဲ့ King Root Error

နောက်ဆုံး version ဖြစ်တဲ့ King Root ပြဿနာ 
ပြောပြချင်ပါတယ် သိပီးသားသူတွေအတွက်တော့
လွယ်ပါတယ်။ အခုတင်ပြမှာက မသိသေးတဲ့သူတွေ
အတွက်ပါ။
ဖုန်းထဲမှာ ကိုယ်တိုင် King Root ဖောက်ထားခဲ့မယ်ဆိုရင် အားသွင်းနေ ချိန်မှာ ဖုန်း
ကသူ့အလိုလိုခဏခဏ ပွင့်နေပါလိမ့်မယ်။ဒီလို ခဏခဏ ဖြစ်လာရင် သာမာန်အနေအထားမှာ
ဘာမှမဖြစ်နိုင်ဘူးလို့ထင်ရပေမယ့် တကယ့်လက်တွေ့မှာ ပြဿနာရှိနေနိုင်ပါတယ်။
ပြဿနာတွေကတော့ အားသွင်းစက် ၏ 1 A
အနေအထားမှာ ဖုန်းအားမဝင်တော့ခြင်း ၊1.5A အနေအထားမှာ ဖုန်းအားအဝင်နည်းခြင်း၊2 A အနေအထားကို အသုံးပြုပါက ဖုန်းအားအဝင်မြန်ပီး
ဖုန်းပူလာခြင်း တစ်ခါတစ်ရံ ပေါက်ကွဲနိုင်သည်အထိ
ဖြစ်တက်ခြင်းတို့ကြောင့် ယခု ပြဿနာကိုဖြေရှင်းရန်
နည်းလမ်းပေးချင်းဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ အဓိက ပြဿနာက ဖုန်း
အားသွင်းချိန် သူ့ အလိုလိုပွင့်လာခြင်းကြောင့်ဖြစ်ပါသည်။ အားသွင်းချိန်မှာ ဖုန်း ပွင့်မနေမှသာ မိမိ၏ဖုန်းသည်
ရေရှည် ခံနိုင်ပါသည်။ ဤသို့မဖြစ်အောင် မည်သို့ ပိတ်ထားမည်နည်း.......အောက်ကပုံတွေကို ကြည့်ပီးလုပ်ဆောင်ပါ။
ပထမ မြင်ရသော ပုံသည် အားသွင်းချိန် လင်းနေသောပုံဖြစ်သည်။
ဒုတိယ ပုံသည် King Root ၏ screen lock
ကြောင့်ဖြစ်ကြောင်း ပြထားသည်။
တတိယ ပုံကတော့ မိမိ သုံးထားတဲ့ King Root
app ကိုပြထားပါသည်။
နံပတ်(၁) အနေဖြင့် King Root app ကိုဝင်ပါ
နံပတ်(၁) မှာပြထားသည့်အတိုင်း ပုံ၏ညာဘက်ထောက်အပေါ်က. အစက်သုံးစက်ကို
နှိပ်ပါ။
နံပတ်(၂) မှာပြထားသည့်အတိုင်း setting ကိုရွေးပါ
နံပတ်(၃) ပုံမှာ Accelerate Charging ကိုဝင်ပါ
နံပတ်(၄) ပုံမှာ အပေါ်ဆုံးက စာကြောင်းဖြစ်တဲ့
Charging Lock Screen ကို Off ပေးပါ။

နံပတ်(၅) အနေအထားကိုရောက်ရင် အဆင်ပြေသွားပါပီ။
အားလုံးအဆင်ပြေပါစေ။


jokeworld041@gmail.com                                                                          








Post a Comment