Thursday, November 24, 2016

Apple ကလုံးဝထုတ်မပြောတဲ့ iPhone ရဲ့လျှို့ဝှက်ချက် ၁၀ချက်




Apple iOS 10 ဆော့ဖ်ဝဲမှာ feature တွေများစွာပါဝင်တာကြောင့် အားလုံးကိုမှတ်မိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ iPhone နဲ့ Apple ရဲ့ iOS 10 ဆော့ဖ်ဝဲကိုဖန်တီးတဲ့ အင်ဂျင်နီယာတွေ ဒီဇိုင်နာတွေတောင် အားလုံးမမှတ်မိပါဘူး။ ဒါကြောင့် iPhone ကိုနေ့စဉ်နဲ့အမျှ သုံးနေရတဲ့အချိန်မှာ သုံးဖို့ပိုမိုလွယ်ကူစေမယ့် feature လေးတွေကို လက်လွတ်မခံသင့်ပါဘူး။
ဒီနေ့တော့ iPhone ရဲ့လျှို့ဝှက်ချက်လေးတွေကို ပြောပြမှာဖြစ်ပြီး သင်ဟာ iPhone ကိုကျွမ်းကျင်သူဖြစ်ရင်တောင် ဒီနေ့ပြောပြမယ့်အချက်လေးတွေကနေမှတ်သားစရာတစ်ခုခုတော့ ရသွားမှာသေချာပါတယ်။ နောက်တစ်ခုက iPhone ရဲ့လျှို့ဝှက်ချက်လေးတွေထဲကမှ နည်းနည်းပဲသိရင်တောင် အမြဲတမ်းသုံးဖို့ တော်တော်လေးအဆင်ပြေစေမယ်ဆိုတာ အာမခံနိုင်ပါတယ်။

ဒီနေ့ဖော်ပြမှာကတော့ မနှစ်က Apple မှထုတ်လုပ်လိုက်တဲ့ iPhone 6S, iPhone 6S Plus နဲ့ ဒီနှစ်ထုတ်လုပ်တဲ့ iPhone 7, iPhone 7 Plus တို့မှာ ပါဝင်တဲ့ 3D Touch feature ပဲဖြစ်ပါတယ်။Touch က အားဘယ်လောက်သုံးပြီး ထိတွေ့လဲဆိုတာပေါ်မူတည်ပြီး respond ပြန်ပေးနိုင်တဲ့ အသုံးဝင်တဲ့ feature လေးတွေဖြစ်ပါတယ်။ တချို့ကတော့ 3D Touch တွေကဘယ်မှာအလုပ်လုပ်ပေးလဲဆိုတာနဲ့ iOS မှာဆိုဘယ်နေရာမှာ အလုပ်မလုပ်သလဲ မသိသူတွေအတွက် ဒီပို့စ်လေးကအထောက်အကူပြုပေးနိုင်မှာပါ။
အခုလျှို့ဝှက် 3D Touch feature တွေအကြောင်းပြောပါတော့မယ်။
1. စာရိုက်တဲ့အခါ cursor ကိုထိန်းချုပ်ဖို့ရာအတွက် Apple ရဲ့ iOS ကီးဘုတ်ကိုသေချာဖိထားပါ။
2. screen ရဲ့ ဘယ်ဘက်ထောင့်စွန်းကို သေချာဖိထားပြီး အလယ်ကိုဝိုက်ဆွဲချလိုက်ရင် app တွေဖွင့်တဲ့ UI ပေါ်လာမှာပါ။
3. အများစုကတော့ အပေါ်ကပြောခဲ့တဲ့အချက်ကို လုပ်တတ်ပါတယ်။ ဒါပေမယ့် ဝိုက်ချစရာထိမလိုဘဲ သေချာလေးဖိထားရုံနဲ့ app switcher ပေါ်လာတယ်ဆိုတာကိုတော့ အများစုမသိကြပါဘူး။
4. notification တွေတက်နေတဲ့ app တွေစုထားတဲ့ folder ကိုဖိထားလိုက်ရင် menu တစ်ခုပေါ်လာပြီး app တစ်ခုချင်းရဲ့ notification တွေကို shortcut တွေနဲ့ပြပေးမှာဖြစ်ပါတယ်။
5. App Store icon ပေါ်သေချာဖိထားလိုက်ရင် update လုပ်လို့ရနိုင်တဲ့ app တွေကို အလွယ်တကူ update လုပ်ပေးမှာဖြစ်ပါတယ်။
6. Calendar app icon ပေါ်ကိုဖိထားလိုက်ခြင်းဖြင့် ကိုယ်မှတ်သားထားတဲ့ တနေ့တာအတွက် အချိန်ဇယားကို widget နဲ့ ပြပေးမှာဖြစ်ပါတယ်။
7. Phone icon ပေါ်ကိုဖိထားလိုက်ရင်တော့ သင့်ရဲ့ favourite contact ထဲက ပထမဆုံး ၄ ယောက်ကို ပြပေးတဲ့ widget လေးပေါ်လာမှာဖြစ်ပါတယ်။
8. Weather icon ပေါ်ဖိထားလိုက်ရင် လက်ရှိရာသီဥတုအခြေအနေနဲ့ ခန့်မှန်းချက်တွေကို widget နဲ့ ပြပေးမှာဖြစ်ပါတယ်။
9. Maps icon ပေါ်ဖိထားရင်တော့ သွားတဲ့ ဦးတည်ရာကိုပြပေးမယ့် widget ပေါ်လာမှာဖြစ်ပါတယ်။
10. နောက်ဆုံးကတော့ Notification Center မှာ “X” လေးနှိပ်ထားလိုက်ရင် notification တွေအကုန်လုံးကို ရှင်းပေးမှာဖြစ်ပါတယ်။
iPhone ရဲ့တခြားသောအချက်လေးတွေကို သိချင်ရင်ရှာဖွေဖတ်ရှုလို့ရနိုင်ပါတယ်။

Credit...MMAS
Post a Comment

Newsletter